Tuesday, 17 July 2012

ညှာလျှင် နာမယ်


ညှာလျှင် နာမယ်
ယခုဘ၀ ကိုယ်ခန္ဓာ-မညှာပါနှင့်ကွယ်
 ညှာတာလျှင်ဟယ်-နောင်ဘ၀ မုချနာရမယ်
သြော် ဒါကြောင့်-စိတ်မှာ ရွှင်ရွှင်နှင့် ရိပ်သာဝင်မှ တော်ကြမယ်။
ရိုးရာနှင့်-ကိုးရာ
ကမ္ဘာ့ရိုးရာ-ကိုးတာ မှားသည်
ဓမ္မမျိုးသာ-ကိုးတာ မှန်သည်
အမှန်းကိုးကွယ်-ရန်မျိုးပြယ်သည်
အမှားကိုး-သွားရိုး အပါယ်ဆီ။
လောကွတ်သမား-ကျွန်အလား
ကိုယ့်ဖို ဟုတ်လျှင်-လုပ်ချင်းဘူးကွယ်
သူဖို့ဆိုလျှင်-နေစဉ်လုပ်တယ်
ကျွန်းမျိုးမက-ဆိုးလှပါတယ်
သဘောချွတ်-လောကွတ် များလှတယ်

No comments:

Post a Comment