Thursday, 19 July 2012

သြ၀ါဒကထာ ဒေသနာ



၁။ ယောဂီသူမြတ်၊ သတိချပ်လော့၊ ၀ိပဿနာ၊ မူငါးဖြာနှင့်၊ ညီစွာမှတ်နဲ၊ သရုပ်ခွဲအံ့၊ လက်ဝဲ လင်္ကျာ၊ ၀ိပဿနာကို၊ ဝေးစွာ ရှောင်ဖယ်၊ လွတ်အောင်ပယ်၍၊ အလယ်လမ်းစဉ်၊ မဂ်လမ်းဝင်အောင်၊ ဖြစ်စဉ်ပရမတ်၊ မူငါးရပ်နှင့်၊ သင့်မြတ်ညီစွာ၊ ရူမှတ်ရာဝယ်၊ တဏှာ မကော့၊ သဒ္ဓါ ဆော့လျက်၊ မလျော့မတင်း၊ စောင်းကြိုး ညှင်းသို့၊ စွဲရင်းအတ္တ၊ သတ်ဖြတ်ကြ၍၊ အနတ္တစည်း၊ ရူးမှတ်နည်းဖြင့်၊ သိမ်းဆည်းပိုင်းခြား၊ အားထုတ်ငြာမူး၊ သိ-ပွား-ဆိုက်-ပယ်၊ မဂ်လေးသွယ်ဟု၊ ပြုဖွယ်ကိစ္စ၊ တူပြိုင်ကြလျက်၊ ပိုင်ရမည်မှာ၊ အမြဲသာတည့်၊ ငါဟာ“ဗုဒ္ဓ၊ဘာသာ”ပါ့ဟု၊ ကိစ္စညွှန်းကာ၊ ပြောနိုင်ပါ၏၊ နှစ်ရာမမည်၊ ချစ်ရာမည်သည်၊ သြော်-သစ္စာတည်တဲ့ ဗုဒ္ဓဘာသာပါတကား။

No comments:

Post a Comment